
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစိစစ်ရန် ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ မေလ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်း၊ တွံတေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဉာဏ်လင်းထက်နှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့က အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံချောင်း စသည့် အိမ်ဆောက်ရာတွင် အဓိကကျသော ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင်တင် ရောင်းချမှုမရှိစေရေးအတွက် တွံတေးမြို့နယ် မြို့ရှောင်လမ်း၊ ရွှေဆံတော်ရပ်ကွက်ရှိ ငွေစံအိမ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များသို့ ပူးပေါင်းအဖွဲ့များက ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ရောင်းဝယ်နေသည့် ဈေးနှုန်းများအား စာရင်းကောက်ယူခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းက ယခုအချိန်သည် ဆောက်လုပ်ရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေခြင်းကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုလုပ်ရန်၊ သိုလှောင်ထားခြင်းမပြုရန်၊ ဆောက်လုပ်ရေးပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန်တို့ကို ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)