Main menu

“ တွံတေးမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များသို့ ဘိလပ်မြေအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်များသို့ တွံတေးမြို့နယ်တွင် ဘိလပ်မြေအမျိုးအစားအလိုက် ဈေးနှုန်းနှင့် ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ အခြေအနေတို့အား မေလ (၂၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်း၊ တွံတေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးနိုင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဉာဏ်လင်းထက်နှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဆံတော်ရပ်ကွက်၊ တပ်ရင်း(၇၀)လမ်းရှိ ရဲထက်ကျော် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးသည့် ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အိမ်ဆောက်ပစ္စည်းများဖြစ်သော သွပ်၊ သံ၊ ဘိလပ်မြေ၊ အိမ်ရိုက် သံနှင့် သစ်အစရှိ သည့် ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး သွပ်၊ သံ၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ် အစရှိသော ကုန်ပစ္စည်းဈေးနှုန်းများနှင့် ပစ္စည်းလက်ကျန် အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)