Main menu

“ ကွမ်းခြံကုန်းမြို့နယ်တွင် 99 စားတော်ဆက် စားသောက်ဆိုင်အားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များကို ကွင်းဆင်း စစ်ဆေးရန်   မေလ(၂၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ (HIV) ဒေါ်သန်းသန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အခွန်ကောက်ဈေးတာဝန်ခံ ဦးချစ်ထွေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ကွမ်းခြံကုန်း မြို့နယ် တောင်ဘက်ပိုင်းရပ်ကွက် မင်းသုဝဏ်လမ်းရှိ “99 စားတော်ဆက်” စားသောက်ဆိုင် သို့အစားအသောက် ရောင်းချသည့်ကဏ္ဍ (၃)ရပ်တွင် ပါဝင်သောအချက်အလက်များ ဦးစားပေး စစ်ဆေးရသည့် အကြောင်းအရင်းများအား စာရင်းကောက်ယူ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အစားအသောက်များ ပြုပြင်ရောင်းချမှုတွင် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အစားအသောက်များ ဆေးကြောသန့်စင်သည့် ရေများသန့်ရှင်းမှုရှိစေရေး၊ အစားအသောက် ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအသောက်များ၏ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခကောက်ခံမှုကို ကြိုတင်အသိပေးခြင်း၊ အစားအသောက်များ၏ အမျိုးအစား၊ အရွယ်အစား၊ ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာဖြင့် ဖော်ပြစေခြင်းတို့အား စားသောက်ဆိုင် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များကို အသိပညာပေး တွေ့ဆုံဆွေးနွေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)