
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ဆန်စက်များအား မေလ(၂၁)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဆန်စက်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အတွင်းရှိ ဆန်စပါးလုပ်ငန်းများ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ စပါးသိုလှောင်ကြိတ်ခွဲသည့် လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ်သော အဟန့်အတားများ ကြန့်ကြာမှုများမဖြစ်ပေါ်စေရေး၊ ဆန်စပါးသယ်ယူပို့ဆောင်ရာတွင် ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ စိစစ်မှုဖြင့် ဆောင်ရွက်နိုင်ရေး၊ စပါးသယ်ဆောင်ခွင့်အား ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရေး၊ သိုလှောင်ရုံများသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ MyRoတွင် သိုလှောင်ရုံ မှတ်ပုံတင် ဆောင်ရွက်ထားမှုရှိ/မရှိ၊ ဆန်သိုလှောင် ရုံများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များ သိုလှောင်ထားခြင်းရှိ/မရှိ ကိစ္စများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်စက် ပိုင်ရှင်များအား ၎င်းဆန်များအား ဈေးကစားရန်ရည်ရွယ် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် သိုလှောင်ရုံများရှိ စပါးတင်းနှင့် ဆန်အိတ်လက်ကျန်များအား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)