Main menu

“ တွံတေးမြို့နယ်အတွင်းဆန်သိုလှောင်ရုံများအားအဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေး”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မေလ(၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်သိုလှောင်ရုံများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအဖွဲ့ဖြင့်  ဆန်စက်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ်အတွင်းရှိ သိုလှောင်ရုံများသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ MyRoတွင် သိုလှောင်ရုံ မှတ်ပုံတင် ဆောင်ရွက်ထားမှုရှိ/မရှိ၊ ဆန်သိုလှောင်ရုံများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များသိုလှောင် ထားခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်စက်သိုလှောင်ရုံ ပိုင်ရှင်များအား ၎င်းဆန်များအား ဈေးကစားရန်ရည်ရွယ် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် မှတ်ပုံတင်ထားပြီး သိုလှောင်ရုံများအား သိုလှောင်ရုံများရှိ စပါးတင်းနှင့် ဆန်အိတ်လက်ကျန်များအား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)