Main menu

ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊ လဝက ၊  မြို့နယ်လျှပ်စစ်တို့နှင့် ပူးပေါင်း၍ (၇.၇.၂၀၂၂)နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဆင်တဲအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းတိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲသို့ ကျေးလက်နေပြည်သူ(၇၈)ဦး တက်ရောက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူတို့ရသင့်ရထိုက်သည့် အခွင့်အရေးများအကြောင်း နှင့် ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်သည့် အကြောင်းအရာတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ ပါသည်။ ထို့နောက် စားသုံးသူ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)