စာသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ( ၆ ) ရက်နေ့ နံနက်ပိုင်းတွင် ပြည်-ရန်ကုန် အဝေးပြေးကားလမ်းမ တစ်လျှောက်တွင် ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များဖြစ်သော ရွှေတောင်မြို့နယ်ရှိ (Apex , Denko , Petro K, Regency) စက်သုံးဆီ အရောင်းဆိုင်များသို့လည်းကောင်း၊ ပေါင်းတည်မြို့နယ်ရှိ (အဏ္ဏာ ဝါထွန်း ၊ မြကန်သာ ၊ Apex) စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး အရည်အသွေးနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ ပါသည်။
DOCA(ပဲခူး)