Main menu

ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စာသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း အမိုနီယမ်နိုက်ထရိုတ်များ အား ဓါတ်မြေဩဇာများနှင့် ရောနှောသယ်ယူမှုမရှိစေရေးနှင့် တရားမဝင်တင်သွင်း သိုလှောင်မှု မရှိ စေရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်ဥပဒေရုံး ၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန ၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန၊  မွေးမြူရေးနှင်ကုသရေး ဝန်ကြီးဌာန ၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့အနေဖြင့် ဇူလိုင်လ(၇)ရက်နေ့တွင် ပြည်မြို့ ပေါ်ရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်နှင့်  ဂိုဒေါင်များအား  ကွင်းဆင်းစစ်ဆေးခြင်းနှင့်  မြို့အဝင်/ အထွက်ဂိတ်တွင်  ကုန်တင်ယာဉ်များအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

         ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ပြည်မြို့ရှိစိုက်ပျိုးရေးပစ္စည်း အရောင်း ဆိုင်ကြီးများဖြစ်သည့် ဇမ္ဗူထွန်းစိုက်ပျိုးရေးဆေးဆိုင်၊ သမာဓိစိုက်ပျိုးရေးဆေးဆိုင်၊ မိဘဂုဏ်ရည် စိုက်ပျိုးရေးဆေးဆိုင်နှင့်  ပြည်မြို့အဝင် တီတွဒ် ပူးပေါင်းစစ်ဆေး‌ရေးဂိတ်တို့တွင် ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ စစ်ဆေးစဉ်ကာလအတွင်း  အမိုနီယမ်နိုက်ထရိုတ်များအား ဓါတ်မြေဩဇာများနှင့်  ရောနှောသယ်ယူမှု မရှိပါကြောင်းနှင့် တရားမဝင်တင်သွင်း သိုလှောင်မှုများ မတွေ့ရှိရပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)