Main menu

ပိတောက်မြိုင်ဈေးတွင် ‌ရောင်းချလျက်ရှိသော ကြက်သား ဈေးနှုန်း/ဈေးကွက်

Powered by Drupal

  ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည် လည်း မြင့်တက်လျက်ရှိကြောင်းသိရသည်။

   ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချလျက်ရှိရာ   ဒေသတွင်းနှင့် ရွှေဘိုမြို့မှ ဖောက်သည်ယူ၍  မေလ စတုထ္ထအပတ်တွင် မွေးမြူရေးကြက်သားဈေးနှုန်း တစ်ပိဿာလျှင် လက္ကားဈေး (၂၃၀၀၀)ကျပ်၊ လက်လီဈေး (၂၅၀၀၀) ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး(၃၀၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)