
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ(စတုထ္ထပတ်)တွင် နှင်းဆီပန်း ဈေးနှုန်းဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်)တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး) တစ်ပွင့်လျှင်(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)