ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ကံ့ကော်ရိပ် ကိုယ်ပိုင် အထက်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောပြီး ကလေးငယ်များ ဗဟုသုတဖြစ်ဖွယ်ရာ ပုံပြင်များကို အဖွဲ့ဝင်များက သရုပ်ဖော်တင်ဆက်ပေးပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်သည့်အကြောင်းများ၊ ရက်လွန်မုန့်များကို ဝယ်ယူစားသောက်ခြင်းမပြုသင့်ပုံများကို ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၂၇)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)