Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးရံ့ခြောက် ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့(အကြီး)တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အ‌သေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများ အနေဖြင့် ငါးရံ့ခြောက်(အကြီး)တစ်ပိဿာလျှင်(၈၀၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၄၀၀၀၀)ကျပ်နှင့်(၂၅)ကျပ်သား လျှင်(၂၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀၀ ) ကျပ် (၂၅)ကျပ်သားလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။

Doca(စစ်ကိုင်း)