Main menu

ပေါင်မြို့နယ်တွင် ဒေသထွက် ဒူးရင်းသီးများ ဈေးကောင်းရရှိ

Powered by Drupal

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ‌ဒေသခံတောင်သူများသည် နှစ်ရှည်ဥယျာဉ်ခြံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိပြီး ယခုလတွင် ခြံထွက် ဒူးရင်းသီးများ ဈေးကောင်းရရှိကာ ဒူးရင်းစိုက်တောင်သူများ မိသားစု အပိုဝင်ငွေရရှိနေ ကြောင်း သိရသည်။

       ဒူးရင်းသီးများကို ပေါင်မြို့နယ်ဒေသရှိကျေးရွာအများစုတွင်အများအပြားထွက်ရှိကြောင်း ဒေသတွင်းရှိ ဒူးရင်းပင်များသည် နိုဝင်ဘာလတွင် အပွင့်များစတင်ပွင့်ပြီး မေလတွင် စတင် ဆွတ်ခူးနိုင်ကြောင်း၊ အသီးများကောင်းမွန်စွာ ရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်များတွင် မှည့်၍ ကြွေကျသော အသီးသည် အရသာပိုမိုကောင်းမွန်ကြောင်း ဒူးရင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

       ဒူးရင်းသီးများကို နှစ်စဉ်ဝယ်ယူစားသုံးသူများပြားလာခြင်း၊ ဈေးကွက်များကျယ်ပြန့်လာခြင်းတို့ကြောင့် ဒူးရင်းသီးအလုံးအကြီးအသေးပေါ်မူတည်၍ (၂၀၀၀၀ ကျပ်မှ ၅၀၀၀၀) ကျပ် အထိ ဈေးကောင်းရရှိနေကြောင်း၊ ယိုးဒယားကိုင်းဆက်သီးများကို တစ်ကီလိုလျှင် (၂၀၀၀၀) ကျပ်၊ အသားသက်သက် တစ်ကီလိုလျှင် (၆၀၀၀၀) ကျပ်အထိ ဈေးကောင်းရကြောင်း သိရသည်။

DOCA (မွန်)