Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ခရမ်းသီးခြောက်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၅၀၀)ကျပ်၊ (၂)ပြည်လျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊  မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေး ကျေးရွာတို့မှ ခရမ်းသီးအစိုများကို အခြောက်လှမ်း၍ လာရောက်ရောင်းချကြောင်း သိရပါသည်။

DOCA( စစ်ကိုင်း)