Main menu

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသောသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည် ဒိုင်၌ ယခု မေလအတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၉၈၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၃၀၀-၆၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၉၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၂၀၀) ကျပ်၊ ပဲဖတ်တစ် ပိဿာလျှင် (၅၀၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ ယခင် ဧပြီလအတွင်းဖြစ်ပေါ် နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၉၇၅၀၀) ကျပ်၊ နှမ်းဖြူတစ်တင်း လျှင် (၁၀၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၆၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပဲဖတ်တစ် ပိဿာလျှင် (၄၈၀၀-၅၀၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ယခုလ ကာလတူ နှိုင်းယှဉ်လျှင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာတို့မှာ သီးနှံပေါ်သည့် ရာသီမဟုတ်ဘဲ ဒေသတွင်း ဆီကြိတ်ခွဲမှုသာရှိသဖြင့် အရောင်းအဝယ်အေးကာ ဈေးအတက်အကျ အနည်းငယ် စီရှိပါသည်။ ပဲဖက်/နှမ်းဖက်ဈေးတို့မှာ ယခင်လနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀)နှင့် နေကြာဆီတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက် လာပြီး၊ နှမ်းဆီ ဈေးငြိမ်နေကြောင်း သိရသည်။

      ယခု ယခင် မေလအတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ ထိုင်ဝမ် (၅၄၀၀၀) ကျပ်၊ ယခင် ဧပြီလအတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၇၈၀၀၀) ကျပ်၊ ထိုင်ဝမ် (၇၀၀၀၀) ကျပ် စျေးရှိခဲ့ရာ ယခင်လနှင့် ယခုလကာလတူနှိုင်းယှဉ်လျှင် ကုလားပဲ (V2)စျေးမှာ တစ်တင်းလျှင် (၁၀၀၀၀) ကျပ်ဈေးမြင့်လာပြီး ထိုင်ဝမ်တစ်တင်းလျှင် (၁၆၀၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါသည်။

    ယခု ယခင် မေလအတွင်း စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊ စားဖိုဆောင်သီးနှံဈေးကွက်တွင် ငရုတ်သစ် တစ်ပိဿာလျှင်(၈၅၀၀-၈၇၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၁၀၀-၁၂၀၀) ကျပ် ၊ ယခင် ဧပြီလအတွင်း စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊ စားဖိုဆောင်သီးနှံဈေးကွက်တွင် ငရုတ်သစ် တစ်ပိဿာလျှင်(၉၀၀၀-၁၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၁၀၀-၁၂၀၀) ကျပ် ၊ ရှိပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်လျှင် စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင်ဝါတစ်ပိဿာလျှင် (၄၀၀) ကျပ် ၊ စားဖိုဆောင်သီးနှံ ဖြစ်သော ငရုတ်သစ်တစ်ပိဿာလျှင် (၅၀၀-၁၂၀၀) ကျပ် ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)