
လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော ဆီနှင့်စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင် မြေပဲဆီ (၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နှမ်းဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၇၃၀၀)ကျပ်တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဂျင်း (၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၆၈၀၀)ကျပ်၊ ငရုတ်သီး(အရှည်) (၁)ပိဿာလျှင် (၁၆၅၀၀)ကျပ်၊ ငရုတ်သီးအပု (၁)ပိဿာလျှင်(၄၅၀၀၀)ကျပ်ခန့်တို့ရှိပါကြောင်း စားဖိုဆောင်သီးနှံ ရောင်းချသူများထံမှ သိရှိရပါသည်။
ယခင်တစ်ပတ်ဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နှမ်းဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၇၄၀၀)ကျပ်တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဂျင်း (၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၅၀၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၆၈၀၀)ကျပ်၊ ငရုတ်သီး(အရှည်) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငရုတ်သီးအပု (၁)ပိဿာလျှင်(၄၅၀၀၀)ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် စားအုန်းဆီ (၁)ပိဿာလျှင်(၁၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင်(၂၀၀)ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၅၀၀)ကျပ်၊ ဈေးနှုန်းကျသွားကြောင်း၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၅၀၀)ကျပ်၊ ငရုတ်သီး(အရှည်) (၁)ပိဿာလျှင် (၅၀၀)ကျပ်၊ ဈေးနှုန်းတက်သွားကြောင်းနှင့် ကျန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိကြောင်း သိရပါသည်။
DOCA(ကယား)