Main menu

ဈေးအနည်းငယ်တက်လျက်ရှိသော ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

    ခရမ်းချဉ်သီးသည် နေ့စဉ် ဟင်းလျာထဲတွင် မပါမဖြစ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ကယားပြည်နယ်အတွင်းသို့ အများဆုံးဝင်ရောက်သောခရမ်းချဉ်သီးများသည် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသထွက်အသီးများဖြစ်သည်။ ဈေးကွက်အတွင်း တွေ့ရသော ခရမ်းချဉ်သီးမှာ ခေါင်းစိမ်း၊ အင်းသီး၊ ဗမာသီး(ခေါ်)ရွှေဖရုံသီးများဖြစ်ကြပါသည်။ အင်းသီးကတော့ အများဆုံး ဝင်ရောက်ပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ် ၂၅၀၀ မှ အမြင့်ဆုံးဈေး ၃၀၀၀ ကျပ်ထိ ဈေးနှုန်းပေါက် လျက်ရှိပါသည်။

     ယခင် မေလ ဒုတိယပတ် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခုမေလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ကျပ် (၂၅၀၀၊ ၃၀၀၀) ကျပ်ဈေးနှုန်းပေါက်လျက်ရှိရာ ဒုတိယပတ်နှင့် နောက်ဆုံးပတ်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းမှာ အနည်းငယ်တက်လာကြောင်း၊ ကုန်ပစ္စည်းမှာလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပစ္စည်းလက်ကျန်မရှိဘဲ ပုံမှန်ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာ‌ဈေးရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)