Main menu

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးရှိ ဟင်းသီးဟင်းရွက်ဈေးကွက်အခြေအနေ

Powered by Drupal

      စားဖိုဆောင် ဟင်းသီးဟင်းရွက်ဖြစ်သော ဖရုံညွန့်ကို ယခုပတ်ဈေးကွက်အတွင်း စတင်တွေ့ ရှိရပြီး ဟင်းအချိုရည်သောက် ချက်စား၍ သော်လည်ကောင်း၊ တဖန် ဖရုံရွက်ကို ပင်စိမ်းနှင့် ကြောင်၍ သော်လည်းကောင်း၊ အမျိုးမျိုးချက်၍ စားသောက်နိုင်ပါသည်။ ပေါ်ဦးပေါ်ဖျား ဖြစ်၍( ၅) ညွန့်ပါ တစ်စည်းလျှင် ကျပ် ( ၇၀၀ ၊ ၁၀၀၀ )ဖြင့်ရောင်းချလျက်ရှိပါသည်။ ဖရုံညွန့်ကို ဒေသအတွင်း အနည်းငယ်သာထွက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ အောင်ပန်းနှင့် ပင်လောင်းမြို့တို့မှ တဆင့်ဝယ်ယူရောင်းချလျက်ရှိပါသည်။

     ပြည်နယ်အတွင်းသို့ ကုန်စိမ်းများသည် နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုမေလ နောက်ဆုံးပတ် ဈေးကွက်အတွင်းဝင်ရောက်နေသော  စူကာညွန့် တစ်စည်းလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀) ကျပ်၊ ကန်စွန်းရွက်(၁)စည်းလျှင် (၅၀၀) ကျပ် ၊ မုန်ညှင်းဝါ (၁ )စည်း (၇၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ် (၅၀၀)၊ ပန်းဂေါ်ဖီ (အဖြူ) အပွင့်သေး (၁)ပွင့်လျှင် (၁၀၀၀)ကျပ်၊ အပွင့်လတ်(၁)ပွင့်လျှင် ကျပ် (၁၅၀၀)၊ ပန်းဂေါ်ဖီ(အစိမ်း)အပွင့်သေး (၁) ပွင့် (၂၀၀၀)ကျပ်၊ ဂေါ်ဖီထုပ်(အကြီး) (၁) ထုပ်လျှင် (၁၅၀၀) ကျပ် ၊ အသေး(၅၀၀၊ ၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)