Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ရုံးပတီသီးဈေးနှုန်း

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီသီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာသော သီးနှံများကို ဆိပ်ငယ်ဈေးကြီး၊ ရှမ်းချောင်းကုန်စိမ်းဈေးနှင့် တခြားဈေးငယ်များသို့ ပို့ဆောင်ပြီး ရောင်းချကြကြောင်း သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ရုံးပတီသီးစားပေးခြင်းဖြင့် ဆီးချိုရောဂါနှင့် အခြားသောရောဂါအငယ်များကိုလည်း ကာကွယ်ပေးသော သီးနှံတစ်မျိုးဖြစ်သည်။

     ယခု ၂၀၂၅ ခုနှစ်၊ မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ရုံးပတီသီးဈေးနှုန်းမှာ ဆယ်တောင့်လျှင် ၁,၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးကြီးတွင် ကုန်စိမ်းရောင်းချနေသူတစ်ဦး ထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)