
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုမေလတွင် အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် မရှိမဖြစ်သောအရာသည် ဘိလပ်မြေဖြစ်ပြီး ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် တင်သွင်းပြီး ဝယ်ယူကြကြောင်း သိရှိရပါသည်။ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ရောင်းချနေသော ဘိလပ်မြေများ ဖြစ်သည့် ဆင်နီ (ထိုင်း) တစ်အိတ်လျှင် ၃၀,၀၀၀ ကျပ်၊ ကြံ့တစ်အိတ်လျှင် ၂၉,၀၀၀ ကျပ်နှင့် Apache တစ်အိတ်လျှင် ၂၉,၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။ ကျန်ရှိသောဘိလပ်မြေများလည်း ပစ္စည်းပြတ်လပ်နေကြောင်းလည်း သိရှိရပါသည်။
DOCA (တနင်္သာရီ)