
မကွေးတိုင်းဒေသကြီးသည် စပါးကိုဆည်ရေရရှိသော တောင်တွင်းကြီး၊ မြို့သစ်နှင့် ဧရာဝတီမြစ်အနောက်ဖက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင် အများအပြားစိုက်ပျိုးကြသော်လည်း ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်းသွင်းရပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး (၂၇.၅.၂၀၂၅) ရက်နေ့တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ဧည့်မထ(၁)တင်းလျှင် ကျပ်(၁၇၀၀၀)၊ ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၄၈၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၅၀၀၀)၊ မနောသုခ ကျပ်(၈၀၀၀၀)၊ ရတနာတိုး ကျပ်(၇၀၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၄၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၀၀၀၀)၊ မနောသုခ ကျပ်(၈၀၀၀၀)၊ ရတနာတိုး ကျပ်(၇၀၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၅၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၃၀၀၀၀)၊ မနောသုခ ကျပ်(၈၁၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၅၀၀၀)၊ ဧရာ ပဒေသာ ကျပ်(၁၀၇၀၀၀)၊ မနောသုခ ကျပ်(၈၂၀၀၀)၊ ရတနာတိုး ကျပ်(၇၂၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၉၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ ရတနာတိုး ကျပ်(၇၂၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၄၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၄၀၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ ရတနာတိုး ကျပ်(၇၃၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၉၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၅၀၀၀)၊ မနောသုခ ကျပ်(၁၁၀၀၀၀)တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ မေလတွင် ယခင်လထက် မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၃၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၅၀၀၀)၊ ပခုက္ကူခရိုင်တွင် ဧရာပဒေသာ ကျပ်(၁၀၀၀)ဈေးနှုန်းမြှင့်တက်ခဲ့ပြီး မကွေးခရိုင်တွင် မနောသုခ ကျပ်(၁၁၀၀၀)၊ ရတနာတိုး ကျပ် (၂၀၀၀)၊ မင်းဘူးခရိုင်တွင် ဧရာပဒေသာ ကျပ်(၃၀၀၀)၊ မနောသုခ ကျပ်(၁၇၀၀၀)၊ ရတနာတိုး ကျပ် (၅၀၀၀)၊ အောင်လံခရိုင်တွင် မနောသုခ ကျပ်(၁၈၀၀၀)၊ ရတနာတိုး ကျပ်(၁၂၀၀၀)၊ ချောက် ခရိုင်တွင် မနောသုခ ကျပ်(၇၀၀၀)၊ ရတနာတိုး ကျပ်(၆၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် (၁၀၀၀၀)၊ မနောသုခ ကျပ်(၁၅၀၀၀)၊ ရတနာတိုး ကျပ်(၇၀၀၀) ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မေလ(၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ မကွေးတိုင်းဒေသကြီးသို့ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး မှ ဆန်အိတ်(၄၄၈၁၁)၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ်(၅၉၇၅)၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်အိတ်(၇၈၅၈)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်အိတ်(၆၈၈၀)၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်အိတ်ရေ(၂၀၉၄၀)၊ စုစုပေါင်း ဆန်အိတ်ရေ(၈၆၄၆၄)အိတ်၊ တန်ချိန်(၄၃၂၃.၁၅)တန် စီးဝင်ခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)