Main menu

မကွေးဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကုလားပဲ၊ ပဲစဉ်းငုံနှင့်မတ်ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးပတ်ဝန်းကျင်ရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများ၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့နှင့် မြစ်အနောက်ဘက်ကမ်းရှိ စလင်း၊ ဆင်ဖြူကျွန်းတို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော် ပဲ၊ မတ်ပဲ၊ ကုလားပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ကုလားပဲ

     မကွေးဈေးကွက်၌ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် မေလ(စတုတ္ထပတ်)တွင် ကုလားပဲ(ဟော်လန်)(၁)တင်းလျှင် ကျပ်(၈၂၀၀၀)၊ ကုလားပဲ (929)(၁)တင်းလျှင် ကျပ်(၈၃၅၀၀)ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ် လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကုလားပဲ(ဟော်လန်) ကျပ်(၆၀၀၀)၊ ကုလားပဲ(929) ကျပ်(၆၅၀၀) ဈေးနှုန်းမြှင့်တက်လာကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၁၅၀၀)၊ ပဲခူးမြို့သို့အိတ်ရေ (၁၀၀၀)တင်ပို့ပြီး တန်ချိန်(၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

     ၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရ သည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက်ရှိကြောင်း၊ တစ်ပတ် အတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ ပဲစဉ်းငုံအိတ်ရေ(၇၀၀)တင်ပို့ပြီး တန်ချိန်(၅၀)ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

မတ်ပဲ

     ၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ မတ်ပဲအိတ်ရေ(၅၀၀)တင်ပို့ပြီး တန်ချိန်(၃၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)