Main menu

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ဘူးညွှန့်နှင့်ဘူးသီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးလျက်ရှိရာ ဘူးသီးတင်မက ဘူးညွှန့်များကိုပါ ရောင်းချရ သည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ဘူးညွန့်ဆိုတာက နွယ်တက်ပြီး အရွက်ကအစိမ်းရောင် ဖားဖားလေးတွေရှိပြီး အရွက်လေး တွေနဲ့ရိုးတံလေးတွေမှာ အမွေးဖြူပါးပါးလေးတွေပါကြောင်း၊ အရသာကနုညံ့ပြီး လတ်လတ် ဆတ်ဆတ်ဆိုရင် အချိုအရသာရှိကြောင်း၊ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ၊ ကြော်စားတာ၊ ဟင်းချိုချက်စားတာ စသည်ဖြင့် အမျိုးမျိုးစားပေးလို့ ရကြောင်း၊ မေလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဘူးညွှန့်(၁)စည်းလျှင် ၅၀၀ကျပ်၊ ဘူးညွှန့်(၂)စည်းလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိပြီး အလားတူပင် ဘူးသီးကို စိုက်ပြီးနောက် (၇၅)ရက်မှ (၉၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးသီးကို မနုမရင့် အနေတော်ခူးရကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသော ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ မေလ တတိယပတ်အတွင်း အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၂၀၀၀ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် ၅၀၀ကျပ် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)