Main menu

ဘားအံမြို့ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ မိုးရာသီ မေလတွင် ကရင်ပြည်နယ် ဘားအံမြို့ရေပေါ်ဈေးရှိကုန်စိမ်းသီးနှံ ဈေးနှုန်းအနည်းငယ်တတ်နေသောလည်း ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။

       ဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿာလျှင် (၃၀၀၀၊၃၅၀၀)ကျပ်၊  ခရမ်းချဉ်သီး တစ်ပိဿာလျှင်  (၃၈၀၀၊၄၅၀၀)ကျပ်၊   ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၃၀၀၀၊၄၀၀၀)၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၅၀၀၊ ၂၈၀၀)ကျပ်၊   လွှတ်တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊     ငရုပ်ပွ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊  ကြက်ဟင်းခါးသီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင် (၃၀၀၀၊၃၅၀၀)ကျပ်၊ ပဲတောင့်ရှည်အစည်းသေး (၁၀၀၀)ကျပ်၊ ငရုပ်သီးစိမ်းတောင့်ရှည် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကန်စွန်းတစ်စည်းလျှင် (၂၀၀)ကျပ်၊ကင်းပွန်ချဉ်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် (၂၀၀)ကျပ်၊ တို့ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။

   ကရင်ပြည်နယ်ဒေသအတွင်းယခုလို ဈေးနှုန်းအနည်းတတ်ရခြင်းမှာ စိုက်ခင်းမှအသီးများတုံးလာခြင်းနှင့် စရိတ်များလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။

           DOCA(ကရင်)