Main menu

အထက်မင်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသောကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီး များကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချ ကြောင်း သိရသည်။

    မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၉)ဆိုင် ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရှိရ သည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာလျှင် ကွမ်းရွက် အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၄၀၀၀-၈၀၀၀-၁၀၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၂၆၂၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၂၇၂၀၀)၊ ကွမ်းစားထုံး(၁)လီတာ(၁)ဘူးလျှင် ကျပ်(၁၈၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၇၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင် မေလ (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၃၀၀၀) ဈေးနှုန်းကျဆင်းခဲ့ပြီး ကွမ်းသီးခြမ်းနှင့်ကွမ်းသီးစပ်မှာ ကျပ်(၁၂၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ကွမ်းခြံများရှိ ကွမ်းရွက်များ၌ ပိုးကျမှုများသောကြောင့် လှိုင်လှိုင်ခူးဆွတ် နေရချိန်ဖြစ်၍ ကွမ်းရွက်ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ပြီး   ကွမ်းသီးမှာ ပြည်ပမှာယူမှုများသည့် အပြင် မိုးတွင်းကာလဖြစ်၍ သယ်ယူစရိတ်အနည်းငယ်မြင့်လာသည့်အတွက် ဈေးနှုန်းမြင့်တက်ရ ခြင်းဖြစ်ကြောင်း  အထက်မင်းလှ- သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်း ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)