
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ဥယျာဉ်ခြံမြေများတွင် ကံ့ကော်သပြေ၊ ရွှေဝါ သပြေများကို စိုက်ပျိုးကြသည်။ ရွာသစ်ကုန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ စံပယ်ကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိသည်။ ဒေသထွက်သပြေပန်းများသာမက မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်နှင့်မြင်းခြံခရိုင်မှထွက်ရှိသော ရက်(၁၀၀)သပြေငုတ်နှင့် နေပြည် တော်မှထွက်ရှိသော သပြေငုတ်များ ရောင်းအားကောင်းလျက်ရှိကြောင်း၊ သပြေငုတ်များမှာ ရေရှည် အထားခံပြီး ခိုင်ခံ့လှပခြင်းကြောင့် ရောင်းအားကောင်းကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ကံ့ကော်သပြေနှင့်ရွှေဝါသပြေတို့၏ ဈေးနှုန်းမှာ (၅)ညွှန့် ပါတစ်စည်းလျှင် ကျပ်(၃၀၀ မှ ၅၀၀)ရှိကြောင်း၊ ကျောက်ဆည်ဒေသထွက် ရက်(၁၀၀)သပြေငုတ် တစ်စည်းလျှင် ကျပ်(၃၀၀၀ မှ ၄၀၀၀)၊ မြင်းခြံဒေသထွက် ရက်(၁၀၀)သပြေငုတ်တစ်စည်းလျှင် ကျပ်(၃၅၀၀)၊ နေပြည်တော်မှာထွက်ရှိသော သပြေငုတ်မှာ အကြီးအသေးပေါ်မူတည်၍ တစ်ငုတ် လျှင် ကျပ်(၃၀၀၀ - ၂၀၀၀)၊ ရှမ်းပြည်တောင်ကြီးမြို့မှထွက်သော သပြေငုတ်များမှ အငုတ်သေးများ တစ်စည်းလျှင် ကျပ်(၅၀၀၀-၆၀၀၀)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း၊ နေပြည်တော်နှင့် ရှမ်းပြည်(တောင်ကြီး)သပြေငုတ်များ နေ့စဉ်ဈေးကွက်သို့ခြင်းကြားဖြင့် အလုံး(၅၀)ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)