Main menu

ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ မီးသွေးဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ မေလတွင် ကရင်ပြည်နယ်ဒေသထွက်လောင်စာ မီးသွေးဈေးနှုန်း အနည်းငယ် မြင့်တက်နေကြောင်း သိရှိရသည်။                                                                      

     ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ဘားအံမြို့တွင် ဖြစ်ပေါ်ခဲ့သောမီးသွေး ဈေးနှုန်းများမှာ မေလ ပထမပတ် ဘားအံမြို့ နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း (၁၄၀၀၀) ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် (၁၅၀၀၀) ကျပ်၊ နောင်ဘိုးကြီး မီးသွေးတစ်အိပ် ဈေးနှုန်း (၁၃၀၀၀) ကျပ် နှင့် ယခုမေလနောက်ဆုံးပတ်တွင် နောင်လုံကျော့ကျေးရွာ မီးသွေး တစ်အိတ်ဈေးနှုန်း (၁၄၀၀၀) ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် (၁၆၀၀၀ ၊ ၁၇၀၀၀) ကျပ်၊ နောင်ဘိုးကြီးကျေးရွာ မီးသွေးတစ်အိပ်ဈေးနှုန်း (၁၆၀၀၀) ကျပ်တို့ဖြင့် အများပြည်သူများရောင်းဝယ် အသုံးပြုလျက်ရှိပါသည်။     

     ကရင်ပြည်နယ်ဒေသအတွင် ဖြစ်ပေါ်နေသော မေလ ပထမပတ်နှင့်နောက်ဆုံးပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့အတွင် မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက် နေသည်ကို တွေ့ရှိရသည်။ ယခုလို မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ သယ်ယူ ကုန်ကျ စရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။

DOCA( မကွေး)