Main menu

ငါန်းဇွန်မြို့နယ်၏ နေကြာ စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်သည်၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနေကြာ ကို လျာထားဧက(၄၅၈)ဧကလျာထားပြီး စိုက်ပျိုးဧက (၄၅၉)ဧကရှိရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီး အထွက်နှုန်းမှာ (၂၀.၂၅)တင်း၊ အထွက်တင်းပေါင်း( ၉၂၉၅) တင်း ထွက်ရှိပြီး  ဆောင်းနေကြာကို လျာထားဧက(၁၂၄၇၈)ဧက၊ စိုက်ပျိုးဧက(၁၂၄၈၀) ဧကရှိရာ ဧကအားလုံးရိတ် သိမ်းပြီး အထွက်နှုန်း(၂၁.၇၅)တင်းနှင့် အထွက်တင်းပေါင်း (၂၇၁၄၄၀)တင်းထွက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ငါန်းဇွန်မြို့နယ်သည် နေကြာဆီထွက်သီးနှံကို  ပန်းရွာ၊ ဆေးခင်း၊စီထိန်း၊တမာပင်၊ရှောက်ပင်ရိုး၊ဘုံသာ၊ဘုရားထူး၊ထမင်းဆိုင်ကျေးရွာနှင့် ရွာသစ်ကျေးရွာ များတွင် စိုက်ပျိုးမှုပိုများပါသည်။ စိုက်ပျိုးသော မျိုးများမှာ ဆင်းရွှေကြာ-၂၊ ရေဆင်း-၁မျိုး နှင့်ဒေသ မျိုးများကို အဓိကစိုက်ပျိုးကြောင်း သိရသည်။ဇူလိုင်လနှင့် ဩဂုတ်လတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရိတ်သိမ်းကြကြောင်းသိရသည်။ ရိတ်သိမ်းချိန်တွင် နေကြာဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀/၆၈၀၀)ကျပ်ရှိခဲ့ပြီး ယခုအခါ မေလတွင် တစ်ပိဿာ လျှင် (၇၁၀၀/၇၂၀၀)ကျပ်ထိ ဈေးနှုန်းမြင့်တက်နေကြောင်းသိရှိရပြီး မိမိအိမ်တွင် တစ်နှစ်ပတ်လုံး စားသုံးရန် သိုလှောင်ထားပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(မန္တလေး)