Main menu

မြိတ်မြို့ပေါ်ရှိသခွားသီး ဈေးနှုန်းစျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းများ နှင့် ကုန်စိမ်းများဝင်ရောက်လျက်ရှိရာ သခွားသီးသည်လည်းအလွန်ပင် ရောင်းအားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ သခွားသီးတွင် အစိမ်းစားနှင့် အမှည့်စား ဟူ၍ နှစ်မျိုးရှိပြီး ပူနွေးသောရာသီဥတုတွင် ပိုမိုဖြစ်ထွန်းသော်လည်း ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။နေရောင်ခြည်ကောင်းစွာရရှိပြီး စိုထိုင်းစ နည်းသောအရပ်များတွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။သခွားသီးမှာ ကင်ဆာကို တွန်းလှန်ပေးနိုင်သော လစ်ဂနစ်ဓာတ်တွေ ပါဝင်တာကြောင့် မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်နှင့် ရင်သားကင်ဆာတွေလို ကင်ဆာအမျိုးမျိုးရဲ့ အန္တရာယ်ကိုလျော့ကျစေပါသည်။

     တနင်္သာရီမြို့နှင့် မောတောင်မြို့နယ်တို့မှ တင်သွင်းလာသော သခွားသီးများကို မြိတ်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေး၊ မြို့သစ်ဈေးနှင့် ဆိပ်ငယ်ဈေးကြီးတို့တွင် ရောင်းချလျက်ရှိရာမှ ယခုမေလစတုတ္ထပတ်တွင် သခွားသီးအကြီးတစ်လုံး (၈၀၀)ကျပ်နှင့် အသေးတစ်လုံး (၂၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)