Main menu

မြင်းခြံခရိုင်၏အစေ့ထုတ်ပြောင်း(ဆောင်း)စိုက်ပျိုးထွက်ရှိမှု

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး မြို့နယ်အ တွင်းရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက် သွန်နီသီးနှံများကို စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ မြင်းခြံမြို့ နယ်အတွင်း စေ့ထုတ်ပြောင်းသီးနှံကို (၉၄၀၀) ဧက၊ တောင်သာမြို့နယ်တွင် (၇၀၂) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၆၀၂) ဧက၊ ခရိုင်ချုပ်စုစုပေါင်း (၁၀၇၁၄) ဧကစိုက်ပျိုးထားရာတွင် စိုက်ဧက အားလုံးမှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။

   အစေ့ထုတ်ပြောင်း(ဆောင်း)သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး လေးလခန့်အကြာ ဖေဖော်ဝါရီလ၊ မတ်လနှင့်ဧပြီလ တို့တွင် ရိတ်သိမ်းရကြောင်း၊ အစေ့ထုတ်ပြောင်း (ဆောင်း)သီးနှံ ထယ်ရေး (၂-၃ ကြိမ်) ထိုးပြီး သဘာဝမြေဩဇာဖြစ်သော နွားချေးထည့်ပြီး တန်းကြား စနစ်ဖြင့်ချစိုက်ပျိုးကြောင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုး၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစု ပေါင်းငွေကျပ် (၁၀၈၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်း အနေဖြင့် (၈၀) တင်း နှုန်းခန့်ထွက်ရှိပြီး ယခုမေလ တတိယပတ်တွင်အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင်(၁၅၅၀)ကျပ်ဖြစ်ကြောင်း တောင်သူများက မြင်းခြံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ ရောင်းချကာ အကျိုးအမြတ် ရရှိကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)