
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်နှင့် ရပ်ကွက်များအတွင်း ဆန်လက်လီလက်ကား ရောင်းချသောဆိုင်များသို့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် မေလ(၂၂)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆန်လက်လီလက်ကား ရောင်းချသောဆိုင်များဖြစ်သည့် ဧရာမင်းဆန်ဆိုင်၊ ကျော်ဆန်ဆိုင်၊ ငြိမ်းချမ်းဆန်ဆိုင်၊ မွှေးဆန်ဆိုင်နှင့် ကိုမျိုး ဧရာဝတီဆန်ဆိုင်များသို့ ဆန်ကြမ်း၊ ဆန်ချော ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် မြို့နယ်အတွင်း ဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များအား သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)