Main menu

တရားမဝင်စီးကရက်ထုတ်လုပ်နေသော အကြီးဆုံးကွန်ရက်တစ်ခုအား ဟန်ဂေရီနိုင်ငံမှ ဖျက်သိမ်း

Powered by Drupal

            ဟန်‌ဂေရီနိုင်ငံ၏ ဖော်ထုတ်ဖူးသမျှ အကြီးမားဆုံးသော တရားမဝင်စီးကရက် ထုတ်လုပ်လျက်ရှိသော ကွန်ရက်တစ်ခုအား နိုင်ငံ၏ အမျိုးသားအခွန်နှင့် အကောက်ခွန်စီမံခန့်ခွဲရေး (NAV) မှ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ မေလအတွင်း နေရာပေါင်း ၄၁ နေရာတွင် စီးနင်းဖမ်း ဆီးမှုများကြောင့် တန်ဖိုး ၂၄ ဘီလီယံ HUF (အမေရိကန်ဒေါ်လာ ၆၇ သန်းကျော်) ကိုသိမ်း ဆည်းရမိခဲ့ကြောင်း NAV က အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သည်။ တန်ဖိုးအားဖြင့် ၂၁.၈ ဘီလီယံ HUF ရှိသော စီးကရက် ၁၃ သန်းထုတ်လုပ်နိုင်သည့်ပမာဏရှိသော ဆေးရွက်ကြီး ၁၅၆ တန်၊ တန်ဖိုးအားဖြင့် ၂.၅ ဘီလီယံ HUF ရှိသော စီးကရက်အတု ၁ သန်းကျော်၊ စီးကရက်ဘူးခွံအလွတ် ၄၈.၅ သန်း၊ စီးကရက်ထုတ်လုပ်မှု အပြည့်သုံးလိုင်း၊ စက်ယန္တရားများ၊ ဝန်ပင့်သည့်ယာဉ်များ၊ ထုတ်ပိုးပစ္စည်းများနှင့် radio jamming device များအား အာဏာပိုင်များက သိမ်းဆည်းခဲ့ကြောင်းသိရ သည်။ ထိုကုန်ပစ္စည်းများစျေးကွက်သို့ ဝင်လာပါက VAT တွင်ခန့်မှန်းခြေ HUF ၈၁ ဘီလီယံခန့် ဆုံးရှုံးသွားမည်ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းထားသော သံသယရှိသူခြောက်ဦးတွင် ဟန်‌ဂေရီ နိုင်ငံသားတစ်ဦးနှင့် မော်လ်ဒိုဗန်-ရိုမေနီးယားနိုင်ငံ သားငါးဦးတို့ ပါဝင်ပြီး ၎င်းတို့အား အခွန်လိမ်လည်မှုဖြင့် တရားဝင်တရားစွဲဆိုထားကြောင်း နောက်ထပ်သံသယရှိသူ တစ်ဦးကိုလည်းဖမ်း ဝရမ်းထုတ်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)