Main menu

“ကျောက်ဆည်မြို့နယ်အတွင်းဆန်၊ စပါးဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည့် အလျောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိက အသက်သွေးကြောဖြစ်သော စပါး သီးနှံအား နွေစပါး၊ မိုးစပါးဟူ၍ စိုက်ပျိုးကြပါသည်။ နွေစပါးအား မတ်လ၊ ဧပြီလများတွင် စတင် စိုက်ပျိုးကြပြီး ဇူလိုင်လနှင့် ဩဂုတ်လကုန်တွင် ထွက်ရှိမည်ဖြစ်ပြီး ယခုအချိန်တွင် ၎င်းစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊   နွေစပါးစိုက်ပျိုးမှုအနေဖြင့် ယခင်နှစ်တွင် (၆၅၁၉)ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၄၉၃၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၈၉)ဧကနှင့် မြစ်သားမြို့နယ်တွင်(၂၀၁၁၀)ဧက စုစုပေါင်း စိုက်ဧက (၂၆၁၃၁)ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊  ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။  နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုရှည်ကြောင်း၊ စပါးစိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲစိုက်ပျိုးမှုများရှိသလို ပျိုးနုတ်၍ စိုက်ပျိုးကြသူများလည်းရှိကြောင်း၊ မျိုးအနေဖြင့် တစ်ဧက မျိုးစပါး(၂.၅)တင်းခန့်ကုန်ကျကြောင်း၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ မနောသုခမျိုးဖြစ်ပြီး အထွက်နှုန်းအနေဖြင့် ခန့်မှန်း(၇၅/၁၀၀)တင်းခန့် ထွက်ရှိနိုင်မှာဖြစ်ကြောင်း၊ ခရိုင်အတွင်း ယခုအချိန်တွင် နွေစပါးထွက်ရှိမှု မရှိသေးသော်လည်း မတ္တရာဘက်မှ ထွက်သော နွေစပါးများရှိကြောင်း၊ ဈေးနှုန်းများမှာ မနောသုခ (မယင်း)  (၁၀၀)တင်းလျှင် (၁၆၀၀၀၀၀)ကျပ်ခန့် ဈေးများရှိကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် မနောသုခအသစ်(၂၄)ပြည် တစ်အိတ်လျှင် (၇၀၀၀၀) ကျပ်၊ အဟောင်း (၂၄)ပြည် တစ်အိတ်လျှင် (၉၀၀၀၀/၉၅၀၀၀)ကျပ်၊ ဧရာပဒေသာ အိုးဝင်အသစ် (၂၄)ပြည်တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်နွေစပါးထွက်ပေါ်ချိန်တွင် ပွဲစားများမှ စပါးစိုက်ပျိုးသော ကျေးရွာများသို့ တိုက်ရိုက် ဝယ်ယူကြသလို ဆန်စက်ပိုင်ရှင်များမှလည်း လာရောက်ဝယ်ယူကြကြောင်း နွေစပါး ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း နွေစပါး စိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)