Main menu

“ဂေါ်ရခါးညွန့်များစျေးကောင်းရ”

Powered by Drupal

   ပြင်ဦးလွင်ခရိုင်အတွင်းရှိ ကျေးရွာများတွင်  စီးပွားဖြစ် ဂေါ်ရခါးပင်များ စိုက်ပျိုးလျက် ရှိပါသည်။ ‌ဂေါ်ရခါးပင်များကို ပုံမှန် နိုဝင်ဘာလတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးမှု နည်းသော်လည်း စားသုံးသူများတစ်နှစ်ပတ်လုံးစားသုံးရန်အတွက် စိုက်ပျိုးလာကြကြောင်း၊ အများဆုံး စိုက်ပျိုးသောဒေသမှာ နောင်ချို၊ ပွေးတောင် နှင့် ၂၁မိုင်တို့တွင် အများဆုံးစိုက်ပျိုးကြ ကြောင်း၊ မိုးများ ဖြိုင်ဖြိုင်ရွာသွန်းသောကြောင့် ‌ဂေါ်ရခါးညွန့်များမှာ အညွန့်သန်၍ အညွန့်များ လှကြောင်း၊ ဂေါ်ရခါးညွန့် များကိုပြင်ဦးလွင်၊မြို့မစျေး၊(၂၁)မိုင်စျေးများမှ အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဂေါ်ရခါးညွန့်စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်ကားစျေး (၃၀၀၀/-)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၄၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ ဂေါ်ရခါးညွန့် အားစားသုံးသူများ ကြိုက်နှစ်သက်သောကြောင့် ဝယ်လိုအားကောင်းကြောင်း၊ ဂေါ်ရခါးညွန့် စားသုံး ခြင်းဖြင့် ကျန်းမာစေခြင်း၊ကင်ဆာဆဲလ်တွေ ကိုတိုက်ဖျက်နိုင်ခြင်း၊စွမ်းအင်တိုးပြီး အရိုးသန်မာ ကြောင်း လေ့လာသိရှိရပါသည်။ ဂေါ်ရခါး စိုက်ပျိုးခြင်းဖြင့် စီးပွားလည်းဖြစ် ဝင်ငွေတိုးပြီး ကျန်းမာရေးနှင့်ညီညွတ်သောကြောင့် ဂေါ်ရခါးပင် ကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)