Main menu

“တံတားဦးမြိုနယ်၌နွေးနှမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်တွင်နွေနှမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ နွေနှမ်းစိုက်ပျိုးမှုတွင် အများဆုံးစိုက်ပျိုးသောမျိုးမှာ နှမ်းဖြူ၊နှမ်းညိုများကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊(၁)ဧကလျှင် မျိုး(၂-၃)ပြည်အထိစိုက်ပျိုးရကြောင်း၊(၁)ပြည်လျှင်(၈၅၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၃၈၀၀၀၀/-)ကျပ်ကုန်ကျကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှုအားကောင်းသောကြောင့် ကုန်းကွက်နှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊နွေနှမ်း(၁)ဧကအထွက်နှုန်းခန့်မှန်းအနေဖြင့် (၉-၁၀)တင်းအထိထွက်ရှိနိုင်ကြောင်း ၊ယခင်နှစ် နှမ်း(၁)ဧကအထွက်နှုန်းမှာ(၁၀-၁၁)တင်းခန့်ထွက်ရှိ ခဲ့ပြီး နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင်(၁၄၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခင်နှစ် စိုက်ပျိုးကုန်ကျစရိတ်မှာ(၃၅၀၀၀၀/-)ကျပ်ကုန်ကျခဲ့ပြီး အကျိုးအမြတ်အနေဖြင့်(၁၀၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ နှမ်းစျေးနှုန်းအနေဖြင့် ယခုလက်ရှိပေါက်စျေးမှာ နှမ်းဖြူ တစ်တင်းလျှင် (၁၃၀၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်းလျှင်(၁၀၀၀၀၀/-)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၅၀၀၀၀/-) ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဆီ(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊ ပဲဆီ(၁)ပိဿာ လျှင်(၂၀၀၀၀/-)ကျပ်စျေးများဖြင့်ရောင်းချလျက်ရှိပြီး စျေးကွက်အနေဖြင့် နှမ်းပေါ်ချိန်တွင် မြို့ပေါ်ပွဲ ရုံများသို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊မန္တလေးမြို့များသို့တင်ပို့ ရောင်းချလျက်ရှိ ကြောင်း ၊ မိုးများဆက်လက်ရွာသွန်းပါက နှမ်းခင်းများလည်းပျက်စီးနိုင်ကြောင်း ၊ နှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)