
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ပင်တလည်ကျေးရွာတွင် မိသားစုစားဝတ်နေရေး အတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေသည့် ဆူးပုတ်ရွက်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြကြောင်းသိရှိရပါသည်။ ဆူးပုတ်ပင်ကို အပင်(၃၀၀)ခန့် စိုက်ပျိုးထားရှိကာ စိုက်ပျိုးပြီး (၆)လအကြာတွင်ဆွတ်ခူးရောင်းချကြောင်း၊ဆူးပုတ်ရွက်ကို(၂)ရက်တစ်ကြိတ်ဆွတ်ခူးရပြီး (၁)ရက်လျှင် အစည်းရေ(၂၀၀)ကျော်ထွက်ရှိကြောင်း၊ ရာသီဥတုအပေါ်မူတည်ပြီး ရေသွင်းခြင်းနှင့် ဆေးဖြန်းပေးရ ကြောင်း သိရှိရပါသည် ။ ဆူးပုတ်ရွက် (၁)ပိဿာလျှင် လက်ကားစျေးအနေဖြင့်(၅၀၀၀/-)ကျပ် နှုန်း ဖြင့် အေးမြကြည်လင်စျေးတွင် ဖောက်သည်သွင်းရောင်းချသလို ကိုယ်တိုင်လည်း လက်လီ (၁၀) သားလျှင် (၇၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းချပြီး ဆူးပုတ်ရွက်ကို အကုန်အညှပ်ဘဲ စျေးကောင်း သည့် အချိန်မှ ဖမ်းညှပ်သလို ပုံမှန်ဝင်ငွေရသော်လည်း ထိန်းညှပ်ရတာလည်း ရှိကြောင်းနှင့် အချို့ ကျေးရွာများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြာကြောင်း ဆူးပုတ်ရွက်စိုက်ပျိုးသူ တစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။
DOCA(မန္တလေး)