
ကမ္ဘာကျော်အားကစား အဝတ်အထည်နှင့်ဖိနပ်များထုတ်လုပ်သော Nike ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်သော ဖိနပ်၊ အဝတ်အစားနှင့် အားကစားပစ္စည်းများ ယခုသီတင်းပတ်အစောပိုင်းတွင် စျေးနှုန်းမြင့်တင်ရန်စီစဉ်ထားကြောင်း CNBC ၏ မေလ ၂၁ ရက်နေ့ဖော်ပြချက်အရ သိရသည်။ အရွယ်ရောက်ပြီးသူများအတွက် အဝတ်အထည်နှင့်အသုံးအဆောင်ပစ္စည်များ၏ စျေးနှုန်းသည် အမေရိကန် ဒေါ်လာ ၂ ဒေါ်လာမှ ၁၀ ဒေါ်လာသို့ တိုးမြင့်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်လာ ၁၀၀ နှင့် ဒေါ်လာ ၁၅၀ ကြားရှိသော ခြေအိတ်များမှာ ၅ ဒေါ်လာခန့်စျေး နှုန်းမြင့်တက်လာမည်ဖြစ်ပြီး ဒေါ်လာ ၁၅၀ အထက်ရှိသော စနီကာ ဖိနပ်များမှာလည်း၊ ၁၀ ဒေါ်လာအထိမြင့်တက်လာမည် ဖြစ်ကြောင်းသိရသည်။ ယခုအပတ်တွင်စတိုးဆိုင်များ၏ ရောင်းချမှုအပေါ် စျေးနှုန်းပြောင်းလဲမှုများ ရှိလာနိုင်သော် လည်းစျေးနှုန်းတိုးမြင့်မှုများသည် ဇွန်လ ၁ ရက်နေ့ထက်နောက်မကျဘဲ သက်ရောက်လာမည်ဟုခန့် မှန်းထားကြသည်။ ဒေါ်လာ ၁၀၀ အောက် ကလေးထုတ်ကုန်များနှင့် အသုံးအဆောင်များမှာ စျေးနှုန်းမြင့်တက်မည် မဟုတ် ကြောင်း CNBC ၏ မှတ်ချက်အရသိရသည်။ ထိုသို့စျေးနှုန်းမြင့်တက်ခြင်းအတွက် ၎င်းတို့၏ လုပ်ငန်းကိုပုံမှန်အကဲဖြတ်ပြီး အခြေအနေအလိုက် စျေးနှုန်းများကိုချိန်ညှိရ ကြောင်းသာပြော ကြားခဲ့ပြီး အခွန်ကြောင့်တိုးမြှင့်ရခြင်းဖြစ်ကြောင်း အကြောင်းပြချက်မပေးခဲ့ပေ ယခင်က Nike သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏အစိုးရထံပေးပို့သော Footwear Distributors and Retailers of America မှ ပူးတွဲလက်မှတ်ရေးထိုးထားသောစာတစ်စောင်တွင် ၎င်းတို့၏ လုပ်ငန်း သည် များပြားလှသော ကုန်ကျစရိတ်များတိုးလာခြင်းကြောင့် ရပ်တည်ရန်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းပြောကြားခဲ့သည်။
DOCA(ရန်ကုန်)