Main menu

အင်ဒိုနီးရှားသည် အမေရိက၊ အရှေ့အာရှရှိစားအုန်းဆီတင်ပို့သည့်စျေးကွက်အား မျက်စိကျလျက်ရှိ

Powered by Drupal

            အိန္ဒိယနှင့် ပါကစ္စတန်ကြားတင်မာမှုများ လျော့ပေါ့စေ‌ရေးခြေလှမ်များထဲမှ တစ်ခုအဖြစ် အင်ဒိုနီးရှားအစိုးရသည် အာဖရိကနှင့် အရှေ့အာရှနိုင်ငံများရှိစားအုန်းဆီတင်ပို့သည့် စျေးကွက်သစ်များကို စောင့်ကြည့်နေကြောင်းစိုက်ပျိုးရေးဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့တွင်ပြောကြားခဲ့သည်။ အထူးသဖြင့် အာဖရိကနှင့် အခြားသောနိုင်ငံများတွင် စျေးကွက်အသစ်များဖွင့်နိုင်ရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနစိုက်ခင်းညွှန်ကြားရေးမှူး ဦးစီးဌာနမှ ဒါရိုက်တာ Ardi Prep tono ကပြောကြားခဲ့သည်။ ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်သူအဖြစ် အင်ဒိုနီးရှားစားအုန်းဆီ တင်ပို့မှုကို တိုက်ရိုက်မထိခိုက်သေးသော်လည်း Ardi သည် စောစီးစွာလျှော့ပေါ့ရေး၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။ အင်ဒိုနီးရှား၏ စားအုန်ဆီကြမ်း ထုတ်လုပ်မှုသည် ၂၀၂၅  ခုနှစ်တွင် တန်ချိန်  ၅၃.၆ သန်းအထိရောက်ရှိရန်ခန့်မှန်းထားကြောင်း အင်ဒိုနီးရှားစားအုန်ဆီအသင်း ထုတ်ပြန်ချက်အရသိရသည်။

DOCA(ရန်ကုန်)