မြန်မာ့ရိုးရာ မြေအိုးမျိုးစုံလုပ်ငန်းကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးအဖြစ် ထုတ်လုပ် ရောင်းချနေသော စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ မြေအိုးမျိုးစုံရောင်းချသော စစ်ကိုင်းမြို့နယ် အိုး လုပ်ငန်းရှင်အသင်းဥက္ကဌ ဖြစ်သည့် ဒေါ်စန်းစန်းဝင်းထံသို့ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၁၄ရက်နေ့က သွားရောက်တွေ့ဆုံ၍ ဈေးကွက်/ ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပါသည်။
ဒေါ်စန်းစန်းဝင်းသည် ၁၉၉၀ခုနှစ်ကစတင်၍ အိုးလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပြီး၊ ကုန်ကြမ်းဖြစ် သည့် စစ်ကိုင်းမြို့နယ်၊ စာရေးရွာအနီး ပလပ်မြေမှ မြေနီ၊ မြေနက်ကို ဝယ်ယူအသုံးပြုကာ သောက်ရေအိုး၊ ပန်းအိုး၊ ညောင်ရေအိုး၊ ထမင်းအိုး/ဟင်းအိုး၊ မြေမီးဖိုစသည်တို့ကို အရွယ်အစားမျိုးစုံထုတ် လုပ်၍ အနိမ့်ဆုံး ၅ဝဝိ/- မှ အမြင့်ဆုံး ၃၀ဝဝဝိ/-ထိ ဈေးနှုန်းအမျိုးမျိုးဖြင့် ပြည်တွင်း ဈေးကွက်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်သို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပါကြောင်း၊ စစ်ကိုင်းမြို့ပေါ်၌ မြေအိုးမျိုးစုံရောင်းချသည့် လုပ်ငန်းရှင် ၁၀ ဦးခန့် ရှိကြောင်း၊ စစ်ကိုင်းမြို့နယ် အိုးလုပ်ငန်းရှင်အသင်းကို ၂၀၁၁ခုနှစ်က စတင် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)