Main menu

တောင်အာဖရိကနိုင်ငံမှ ရာသီအစ ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ

Powered by Drupal

               တောင်အာဖရိကသည် တရုတ်နိုင်ငံသို့ ရာသီ၏ ပထမဆုံးသော ထောပတ်သီးများ တင်ပို့ရောင်းချခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီး John Steenhuisen က အတည်ပြုပြောကြားခဲ့ သည်။ အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင်၊ Steenhuisen သည် တောင်အာဖရိက ထောပတ်သီး လုပ်ငန်း၏ နိုင်ငံတကာ စျေးကွက်များကို တက်ကြွစွာ လိုက်စားမှုအပေါ် ၎င်း၏ ကျေနပ်အားရမိကြောင်း တရုတ်နိုင်ငံသို့ ရာသီအစထောပတ်သီးများကို တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ Steenhuisen က ထောပတ်သီးများ တင်ပို့မှုသည် ကဏ္ဍအနှံ့ စီးပွားရေး တိုးတက် မှုနှင့် အလုပ်အကိုင် ဖန်တီးရေးတို့ကို အထောက်အကူဖြစ်စေသည်ဟု ဆိုသည်။ စိုက်ပျိုး‌ရေးဝန်ကြီး Steenhuisen သည် ပီရူးကဲ့သို့ အဓိကပြိုင်ဖက်များနှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံသို့ တင်ပို့ချင်းသည် ပို့ဆောင်ချိန် တိုတောင်းခြင်းအပါအဝင် တောင်အာဖရိက ထုတ်လုပ်သူများ၏ မဟာဗျူဟာမြောက် အားသာချက်များကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တောင်အာဖရိကနှင့် တရုတ်တို့သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ၌ ရှန်ဟိုင်းသို့ တောင်အာဖရိက ထောပတ်သီး ၂၁ တန်ကို ပထမဆုံး ရောက်ရှိရန်ဟူသော ဇီဝဗေဒဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို စာချုပ်ချုပ်ဆိုခဲ့ပြီး တောင်အာဖရိကသည် ကင်ညာ၏ခြေရာကို လိုက်၍ တရုတ်ဈေးကွက်သို့ဝင်ရောက်သည့် တတိယမြောက် အာဖရိကနိုင်ငံဖြစ်လာခဲ့သည်ဟု Steenhuisen ၏အဆိုအရ သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)