
မော်ဒယ်အကူးအပြောင်းနှင့် ပစ်ကပ်ထရပ်ကားများအတွက် ထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်ထုတ်လုပ်မှုသည် ဧပြီလတွင် အနိမ့်ဆုံးနှုန်းသို့ ၄၄ လ အတွင်းကျဆင်းသွားခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) မှ မေလ ၂၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထိုင်း မော်တော်ယာဥ်ထုတ်လုပ်မှုသည် ဧပြီလတွင် ကားအစီးရေ ၁၀၄၂၅၀ ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။ Plug-in hybrid လျှပ်စစ်ကားများ (EVs) တွင် သိသိသာသာ တိုးတက်မှုရှိပြီး လောင်စာသုံးခရီးသည်တင်ကားများ အတွက် ထုတ်လုပ်မှုနှုန်းကျဆင်း နေခြင်းကြောင့် ထိုသို့ကျဆင်းရခြင်းဖြစ်ကြောင်း FTI Automotive Industry Club ပြောရေးဆိုခွင့် ရှိသူ Surapong Paisitpattanapong က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၏ ပထမလေးလတာ အတွက် မော်တော်ယဉ်ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ၄၅၆၇၄၉ ယူနစ်အထိ ကျဆင်းသွားပြီး ရာခိုင်နှုန်းအားဖြင့် ၆၇.၇ ရာခိုင်နှုန်း ကျဆင်းသွားကာ အားနည်းနေသည့် စီးပွားရေးကို ထင်ဟပ်စေ ကြောင်း ခရီးသည်တင် EV အရောင်းအ၀ယ် မြင့်တက်မှုကြောင့် ဧပြီလတွင် ပြည်တွင်း၌ မော်တော် ယာဥ်ရောင်းချရမှု ၀.၉၇ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း Surapong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ကားအချောထည် တင်ပို့မှုသည် ဧပြီလတွင် အစီးရေ ၆၅၇၃၀ သို့ ၆.၃၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အချို့သော ခရီးသည်တင်ကားများတွင် မော်ဒယ်ပြောင်းလဲမှုများနှင့် လုံခြုံရေးဆိုင်ရာ အထောက်အကူနည်းပညာနှင့် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ ကုန်သွယ်မှု မိတ်ဖက်အချို့တွင် တင်းကျပ်သော စည်းမျဉ်းများကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)