Main menu

သုံးနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးကုန်စည်ပြပွဲအား လာအိုနိုင်ငံမှ လက်ခံကျင်းပခဲ့

Powered by Drupal

             မေလ ၂၁ ရက်နေ့က လာအိုနိုင်ငံတောင်ပိုင်း ဆီကောင်ပြည်နယ်တွင် ကုန်သွယ်မှုနှင့် ခရီးသွား မြှင့်တင်‌ရေး ကုန်စည်ပြပွဲကို ကျင်းပခဲ့ပြီး လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများအား ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။ မေလ ၂၅ ရက်နေ့အထိ ကြာမြင့်မည့် အဆိုပါပြပွဲကို ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နှီနှောဖလှယ်ပွဲများအပါ အဝင် လှုပ်ရှားမှုများစွာ ပါဝင် ကြောင်း လာအိုတောင်ပိုင်းမှ တိုင်းရင်းသားလူမျိုးစုများအကြား ယဉ်ကျေးမှုဖလှယ်မှုများလည်းပါဝင် ကြောင်းဒေသတွင်း Pasaxon သတင်းစာ၏ မေလ ၂၂ ရက် နေ့က ဖော်ပြချက်အရသိရသည်။ ပြပွဲတွင် ဖက်ရှင်နှင့် ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် အဝတ် အထည်များကို ပြခန်းပေါင်း ၄၇ ခန်းတွင် ပြသခဲ့ သည်။ လျှပ်စစ်ကားများကဲ့သို့သော ဆန်းသစ် တီထွင်ထုတ်ကုန် ပစ္စည်းများကိုလည်း ပြသခဲ့ကြောင်း သိရသည်။

Source : Xinhua   

DOCA(ရန်ကုန်)