
မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှ ပဲပုတ် များဝင်ရောက်ပြီး၊ပဲပုတ်မှာ ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့်ပြည်ပတင်ပို့သည့် စျေးကွက်ဝင်ပဲ အမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ် အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် မေလနောက်ဆုံးပတ်အတွင်း ပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲပုတ်(ရှမ်း) ၂၆၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာ ပဲပုတ်(ရှမ်း) ၄၈၈၃ ကျပ်နှင့် ၅၃၅၂ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၄၈၈၃ ကျပ်နှင့် ၅၃၅၂ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ရှမ်း) ၁၈၄၀ ကျပ်စျေးပိုမိုရရှိကြောင်း သိရပါတယ်။ ပဲပုတ်ဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိပြီး၊ စျေးကောင်းရသည့်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)