Main menu

မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းချဉ်သီးကို မင်းဘူးမြို့ပတ်ဝန်း ကျင်ကျေးရွာများအပြင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး မေလ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀-၃၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ပျိုးထွက်ရှိရာ နေရာများတွင် ယခုအချိန်တွင်အထွက်နှုန်းမရှိသောကြောင့် ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)