
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အစားအသောက် ရောင်းချဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်နှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် မေလ (၂၃)ရက်နေ့၊ နံနက် (၁၀:၅၅)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ ရွှေကြယ်ဖြူ စားသောက်ဆိုင်သို့ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိနှင့် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြ ထားခြင်းရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (Size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး စားသုံးသူများ၏ ကျန်းမာရေးပြဿနာများနှင့် အခွင့် အရေးများအား ကာကွယ်နိုင်ရန်အတွက် ဖော်ပြပါအချက်အလက် လိုအပ်ချက်တစ်ချို့အား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)