
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ Mobile Phone အရောင်းဆိုင်များသို့ မေလ(၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ Mobile Phone များရောင်းချနေသော အရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း အသိပညာပေးခြင်း၊ တင်သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် ကြယ်စင် ဖုန်းနှင့် ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံကာ Mobile Phone အမျိုးမျိုးတို့အား ဝယ်ယူဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ သုံးစွဲပုံ နည်းလမ်း၊ ဘေးထွက်ဆိုးကျိုးတို့အား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော လက်ကိုင်ဖုန်းအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချ နေမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)