Main menu

ပိတောက်မြိုင်ဈေးရှိ ပန်းဈေးကွက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေတို့ကို ရောင်းချနေကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့ ၊ ပိတောက်မြိုင်‌ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်းဈေးနှုန်း အနေဖြင့် ခရေပန်း တစ်ကုံးလျှင် (၂၅၀) ကျပ်၊ ခရေပန်း (၂) ကုံးလျှင် (၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စကားဖြူပန်း ဈေးနှုန်းဖြင့် ( ၃ )ပွင့်ပါ တစ်ကုံးလျှင် (၃၅၀) ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်လျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချ နေသော ပန်းသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA( စစ်ကိုင်း)