
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုး သီးနှံများကို ကန့်ဘလူမြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၅၈၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခုပတ်အတွင်း နှမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း၊ နေကြာသီးနှံအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ် မူတည်၍ အထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မေလ စတုတ္ထပတ်အတွင်း နေကြာ (၁)တင်းလျှင် (၅၃၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသောကြောင့် နေကြာ(၁)တင်းလျှင် (၈၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ယခုအချိန်သည် မိုးမြေပဲစိုက်ပျိုးရာသီ ဖြစ်သဖြင့် မြေပဲလုံဆံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြေပဲလုံးဆံ(၂၅)ပိဿာ တစ်အိတ်လျှင် (၂၃၂၅၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)