Main menu

အရောင်းအဝယ်ဖြစ်နေသော အစေ့ထုတ်ပြောင်းနှင့် ဘိလပ်စေ့

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ၌ မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၂၅၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊  ဘိလပ်စေ့တစ်တင်းလျှင် (၆၈၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင်(၆၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ဘိလပ်စေ့(၁)တင်းလျှင် (၅၀၀၀)ကျပ် ဆက်လက်မြင့်တက်လာ ကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ဘိလပ်စေ့များကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ ကျွန်းလှဒေသထွက် အစေ့ထုတ်ပြောင်းများ ကိုရွှေဘိုမြို့နှင့် မန္တလေးမြို့တို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ် ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)