
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ မေလ(၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချသော အခြေခံစားသောက်ကုန် ဈေးနှုန်းများကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်အေးမင်း၊ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချသော အခြေခံစားသောက် ကုန်များ ဈေးနှုန်းများဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ပု၊ ငရုပ်ရှည်၊ အာလူး၊ ကုလားပဲ၊ သကြား၊ ဆား ဈေးနှုန်းများကို ဒေါ်လဲ့လဲ့သင်းကုန်စုံဆိုင်နှင့် ဦးအောင်သူ ကုန်စုံဆိုင်တွင်လည်းကောင်း၊ ဆီဈေးနှုန်းများကို ဒေါ်ကျင်သန်း ကုန်စုံဆိုင်တွင်လည်းကောင်း၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ပုဇွန် ဈေးနှုန်းများကို သားငါးတန်းမှ ဒေါ်အေးအေးမော်ဆိုင်မှလည်း ကောင်း၊ ကြက်သားဈေးနှုန်းကို ဒေါ်စန္ဒာဆိုင်မှလည်းကောင်း၊ ဝက်သားဈေးနှုန်းကို ဦးအောင် လင်းထိုက်ဆိုင်မှလည်းကောင်း၊ ငံပိဈေးနှုန်းကို ဒေါ်ကုလားမ မုန့်ဖတ်၊ ငံပိဆိုင်မှ လည်းကောင်း၊ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများကို ဒေါ်ခင်ဆန်းရီဆိုင်မှလည်းကောင်း စာရင်းကောက်ယူ ကွင်းဆင်း စိစ်ခဲ့ကြရာ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှ ယခင်တစ်ပတ်နှင့် ကွာခြားမှုမရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစိစစ် စာရင်းကောက်ယူခဲ့သော လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာန်ခံ ဒေါ်နွယ်နွယ်အေးက အခြေခံစားသောက်ကုန်များသည် စားသုံးသူများ၏ နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ် လိုအပ်သောအရာများဖြစ်၍ ဈေးနှုန်းမြှင့်တင်ရောင်းချ မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန်တို့ကို စာရင်းကောက်ယူ ကွင်းဆင်းစိစစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)